Wednesday, April 3, 2013

Android ဖုန်းတွေကို King Root နဲ့ Root ကြရအောင် (KingRoot PC Version 1.5 နဲ့ KingRoot 2.30.apk)

Android ဖုန်းတွေကို root လုပ်ကြတဲ့အထဲမှာ King Root ကလည်း နာမည်ရတဲ့ Software လေးပါပဲ။   တော်တော်များများ Root နိုင်ပါတယ်။ King Root က PC မှာတင်ပြီးသုံးတဲ့ (Root လုပ်တဲ့ ) Software နဲ့ Android ဖုန်းထဲမှာ ထည့်ပြီး Root လုပ်တဲ့ apk ဆိုပြီးရှိပါတယ်။ (2) ခုလုံးကတော့ Root လုပ်တာပါပဲ။ King Root ရဲ့ Original Website ကတော့ Chinese Language နဲ့ပါ။ http://www.kingroot.net/ ဖြစ်ပါတယ်။
Chrome Browser နဲ့ဝင်ကြည့်ပါ။ English ဘာသာပြန် ပေးပါတယ်။ အဲဒီမှာ PC Version ရော Phone apk ပါဒေါင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ အောက်က Link မှာ PC Version 1.5 နဲ့ Android apk ကိုတင်ပေးလိုက်ပါတယ်။ Down လို့ရလာတဲ့ File ကို Unzip လုပ်ပြီး Desktop မှာထားပါ။ Phone Driver ကို Computer ကသိပါစေ။ ဖုန်းမှာ Unknown Source နဲ့ USB Debugging လုပ်ထားပါ။ Phone ကို Computer မှာတပ်ပြီး KingRoot Folder ထဲမှာ KingRoot application လေးကို Run ပြီး Root ကိုနှိပ်ရုံပါပဲ။ သူ့အလိုလိုအလုပ်လုပ်သွားပြီး 80% ကျော်လောက်မှာ ဖုန်းက Restart ကျသွားပြီး ပြန်တက်လာရင် KingRoot ပုံလေးကပြုံးနေရင် Root အောင်မြင်ပါတယ်။ မဲ့နေ(အရောင်နီ)ရင်တော့ Root မအောင်မြင်ပါဘူး။ apk နဲ့ဆိုရင်တော့ Phone မှာ Install လုပ် Run ပြီး Root နှိပ်ရုံပါပဲ။ Root နိုင်ကြပါစေဗျာ...

No comments:

Post a Comment