Sunday, April 7, 2013

How to update Offical Firmware for Huawei Mediapad 7lite

အားလုံးမင်္ဂလာပါခင်ဗျ

သိပြီး လူများအတွက်တော့တောင်းပါတယ် ။ ဒါလေးက မသိ သေးသောညီအကိုများအတွက်ပါ

ဘာလေးလဲဆိုတော့  Huawei Mediapad 7Lite အတွက် Offical Firmware တင်နည်းလေးပါ

သူ က Huawei Brand မှန်ပေမယ့် ပုံမှန် Huawei တွေကို Firmware တင်သလို 

dload တော့မှန်ပေမယ့်  Volume UP & Volume Down & Power မဟုတ်တော့ပါဘူး

အဲဒီတော့ ခေါင်းနည်းနည်းစားရပါတယ် ။ ကျွှန်တော့်ကြောင့် Mediapad 7Lite တလုံး Firmware 

သေဖူးပါတယ်။ အဲဒါ နဲ့ ပဲ ဟိုစမ်းသပ် ဒီစမ်းသပ်နဲ့ ပဲ ဘယ်လို ရသွားမှန်းကိုတကယ် မသိလိုတ်တာ

အဲဒါနဲ့ မဖြစ်ဘူးဆိုပြီး တော့ပြန်စမ်းတယ် ။ 

တခုစမ်းလိုတ် တခု မှတ်လိုတ်နဲ့ နောက်ဆုံးတော့ ဒီလို ပိုစ့်လေးရေးဖို့ လုံလောက်တဲ့ Note တွေ 

စုစောင်းမိသွားတော့ “သားသား” တို့ ရဲ့ ဗီဇ အတိုင်း ပိုစ်တင်ပါတော့မယ် 

 QQQQQ=============QQQQQQ=============QQQQ

အရင်ဆုံး Huawei Mediapad 7Lite အတွက် Firmware လေး နှစ်ခုပေးထားပါတယ် မိမိ အဆင်ပြေတဲ့တခုကိုပဲ Download ယူပါ . ပြီးရင် ဇစ်ဖြည်လိုတ်ပါ 

MediaPad 7 Lite (S7-931w Wifi )

MediaPad 7 Lite (S7-931u 3G  )

ဒေါင်းလော့ ဆွဲ လို့ ရလာတဲ့ ဖိုင်ကိုဖြည်လိုတ်ရင် အထဲမှာ dload ဖိုင်လေးတဖိုင် ပါ ပါတယ် အဲဒီ dload ဖိုင်ကို ဘာမှ မရှိတဲ့ ( Format ချထားတဲ့) Micro SD ကဒ်ထဲထည့်ပါ ။ ပြီးရင် MedipPad ထဲမှာ ထည့်ထားပါ ။ ထို့ နောက် MediaPad ကို Power ခလုတ်ခပ်ကြာကြာလေး ဖိထားပါ ။ အဲဒါဆိုရင် MediaPad ဟာ Firmware ကိုစတင်၍ Install ယူနေပြီဖြစ်ပါပြီ ။

 

အပေါ်က ပုံလေးဟာ MediaPad ဟာ Firmware ကို Install ယူနေတာပါ ။

အပေါ်က ပုံလေးကတော့ MediaPad ဟာ Firmware ကို အောင်မြင်စွာ Install ယူပြီးသွားတာလေးပဲဖြစ်ပါတယ် ။ အဲဒီခါ ကျွှန်တော် တို့ ဟာ Micro SD ကို ဆွဲဖြုတ်လိုတ်ပါ။ ဒါဆို ရင် MediaPad ဟာ Reboot ကျသွားပါမယ် ။ ပါဝါပြန်တက်လာရင်တော့ အောင်မြင်စွာ Firmware တင်ပြီးဖြစ်နေပါလိမ့်မည် ။

အကယ်၍ အောက်ကပုံလေးလိုဖြစ်လာရင်တော့ 

 

မိမိရွေးချယ်ထားတော့ Firmware မှားနေသောကြောင့် သော်လည်းကောင်း ။ Firmware ဖိုင် မပြည့် ခဲ့သည် သော်လည်းကောင်း  Fail ဖြစ်နိုင်ပါသည်။ အဲဒီအခါ Firmware (dload) ဖိုင်ပြည့်မပြည့်ပြန်စစ်ပါ ။ ဖိုင်ဆိုဒ်ပြည့်ခဲ့သည်ရှိသော် Firmware မှားမ မှား ပြန်စစ်ပါ .အဲဒီ နှစ်ချက်လုံးမှန်နေရင် သေချာပေါက် ရကို ရရမည် ဖြစ်ပါသည်။ ကျွှန်တော်ကိုယ်တိုင်တင်ဖူးပါသည် ။

1 comment:

  1. mediapad 7 lite 4.0.3 ကို 4.1.1 မြှင့်လို့ရရင်တင်ပေးပါအုံး thank

    ReplyDelete