Sunday, April 7, 2013
Root Toolkit For Android Version 4.0
အားလုံးမင်္ဂလာပါခင်ဗျ
အခုပုံလေးမှာမြင်ရတာတော့  Android 4.0 တော်တော်များများကို လွယ်ကူ စွာ Root , Myanmar Font , 
Forzen Keyboard တွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ် 
ကျပြီးမှ Root ပဲပေါက်တာပါ ..အဲဒါကိုကျွှန်တော်က Reboot နှစ်ခါ ပဲ ကျပြီးတော့ Root , Myanmar Font
Keyboard , အစရှိတာနဲ့ တွဲ ဖက်လိုအပ်တာတွေ ထပ်ထည့်ထားတာပါ .အားလုံးအတွက် 
အဆင်ပြေပါတယ်.. ကျွှန်တော်စမ်းသုံးနေတာ နည်းနည်းလေး တော့ ကြာပါပီ..အခုထိ 
အယ်ရာကင်းတယ်လို့ ပြောလို့ ရပါတယ်.. ကျွှန်တော်စမ်းသပ်ထားတဲ့ မော်ဒယ်တွေက
Huawei T8620
Huawei T8830
Huawei T8830Pro
Huawei Mediapad 7lite
Huawei Mediapad 10
Huawei U8825D ( ကုဒ်ဖြည်ဖို့ တော့လိုပါတယ် )
Huawei C8825D ( ကုဒ်ဖြည်ဖို့ တော့လိုပါတယ် )
Huawei U8950D ( ကုဒ်ဖြည်ဖို့ တော့လိုပါတယ် )
Huawei C8950D ( ကုဒ်ဖြည်ဖို့ တော့လိုပါတယ် )
Huawei Y210
အဲဒီမော်ဒယ်တွေကိုတော့စမ်းထားပါတယ်.အဆင်ပြေပါတယ်
ကျွှန်တော်ထင်ပါတယ်  Bin4ry နဲ့ Root ချလို့ ရမယ့် ဖုန်းတွေအားလုံးရလိမ့်မယ်လို့ ..
ဘာပဲဖြစ်ဖြစ် ဒီ Tool လေးကိုစမ်းသုံးစေချင်ပါတယ် . ဒီ Tool လေးထဲမှာဖုန်းကို ဆိုးကျိုးဖြစ်စေမယ့်
ဘယ် အရာမှ မပါ ပါဘူးခင်ဗျ.
Huawei Mediapad 7Lite ကို shuame နဲ့ ချလို့ Firmware သေပါတယ်ဆိုတဲ့  မိတ်ဆွေ 
များအတွက်တော့တော်တော် အဆင်ပြေသွားမှာပါ. မြန်မာဖောင့်တွေ ပါတွေ ပါတော့ 
..အဆင်လည်းပြေသွားမှာပါ ..
လိုအပ်ရင်  ဒီမှာ  ယူ သွားပါ ။
အသုံးပြုနည်းကလည်း ရိုးရှင်းပါတယ် ..
ဖုန်းကို ပါဝါဖွင့်မယ် ။ USB Debugging တွေ On မယ် ပြီးရင်ကွန်ပျူတာမှာ ကြိုး နဲ့ ဆက်သွယ်လိုတ်ပါ 
အဲဒီနောက် အပေါ်ကဒေါင်းလော့ယူထားတဲ့ ဖိုင်လေးထဲက RunMe.bat ကိုဖွင့်ပါ .. ဘာမှ နှိပ်စရာမလိုဘူး 
သူ့ ဘာသူ အလုပ်ဆက်လုပ်သွားလိမ့်မယ် 2 မိနစ်လောက်တော့ ကြာတယ်. ဖုန်းပါဝါ ပြန်တက်လာရင်တော့
 အောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်ပါတယ်။
လိုအပ်ပါ က Edit ပြန်လုပ်လို့ ရအောင် .bat ဖိုင်အမျိုးအစား နဲ ပဲပေးထားပါတယ်..။
No comments:
Post a Comment